Popularpost

Monday, January 27, 2014

Pattern Lock ဖြည်လို့ မရတဲ့ ဖုန်း Usb Debugging ဖွင့်ထားစရာလည်း မလို


စမ်းသပ်ခဲ့သော ဖုန်းအမျိုးအစား……..
  1. Samsung Galaxy Y
  2. Samsung Galaxy Y Duos


ကျွန်တော်တို့ ဖုန်း Services သမား အများစုက Pattern Lock ဆိုရင် ၄င်း Pattern ကို
ဖြုတ်ဖို့ အတွက် ၄င်းဖုန်း အတွင်းမှာ Root Access ရှိ ရမယ်။ USB Debugging ဖွင့်
ထားရမယ် ဆိုတာတွေပဲ များပါတယ်။ အခု ကျွန်တော်ပြောမယ့် အကြောင်းရာလေးက
တော့ Pattern Lock ဖြည်လို့ မရတဲ့ ဖုန်းကိုဘာ Root Access မှလည်းမလိုဘူး။ ဘာ 
Usb Debugging ဖွင့်ထားစရာလည်း မလိုပဲ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်လေးဖြစ်ပါ
တယ်။ အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးကိုတော့ အောက်ဖော်ပြပါ နေရာမှာ ဒေါင်းလိုက်ပါ။

လိုအပ်သောဖိုင်နေရာများ ……..
  1. cwm.zip ကိုဒီနေရာမှာဒေါင်းလုပ်ဆွဲပါ https://db.tt/nxnZWSOp
  2. delete_passward.zip ကိုလည်း ဒီနေရာမှာ ဒေါင်းလုပ်ဆွဲပါ။ sourceforge.net/
Download Link အားလုံးမှာ မည်သည့်ကြော်ငြာမှ ခံထားခြင်း မရှိပါ။

စတင်လုပ်ဆောင်ချက်…..
အရင်ဆုံး သင်ဒေါင်းလုပ် ဆွဲထားတဲ့ csm.zip နဲ့ delete_password.zip
နှစ်ဖိုင်ကို သင့် ဖုန်း Memory Card အတွင်းသို့ ထည့်လိုက်ပါ။


ထို့နောက် သင့်ဖုန်းအား ပါဝါပြန်ဖွင့် ရမှာဖြစ်ပါတယ်။ ပါဝါဖွင့်တဲ့ နေရာမှာ နှိပ်ရမယ့် ခ
လုပ်တွေက Volume Up+ Power+ Home Button တို့ကို တစ်ပြိုင်တည်း နှိပ်ရမှာဖြစ်
ပါတယ်။ 

ဒီနေရာမှာ တစ်ခုပြောချင်တာက Volume Up နေရာမှာ Down ကိုနှိပ်လိုက်တာနဲ့ 
Downloading Mode ထဲကို ၀င်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မှားမနှိပ်မိဖို့ သတိပြုပါ။

ကဲ ဆက်လိုက်ရအောင် လားဗျာ… ဒီနောက် သင့်ဖုန်း အတွင်းမှာ ပေါ်လာမယ့်
Screen Message တွေကတော့
  1. -reboot system now
  2. -apply update from sdcard
  3. -wipe data/factory reset
  4. -wipe cache partition
စသဖြင့် Recovery Mode အတွင်းတွင် ရွေးချယ်စရာ လေးမျိုးကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဒီနောက်တော့ ကျွန်တော်တို့ ဒုတိယ ရွေးချယ်စရာဖြစ်သော“applyupdate from
sdcard” ဆိုတာ အပေါ်အောက် အသံ အတိုးအကျယ် လုပ်တဲ့ခလုတ်နဲ့ သွားပြီး ရွေး
ချယ်မယ် ဆိုပါက Home Button ကို နှိပ်ပေးလိုက် ရပါမယ်။

ဒီနောက်တော့ စောနက သင်ထည့်ထားသော zip File နှစ်မျိုးထဲမှ ပထမတစ်ခုအနေနဲ့
cwm.zip ကိုရွေးချယ်ပေးလိုက်ပါမယ်။ 

ဒီအခါမှာ အ၀ါရောင်အဖြစ်မြင်ရမှာ ဖြစ်ပါတယ်။ ထို့နောက် “install zip fromsd card”
ဆိုတာကိုရွေးချယ်ပေး ရမှာဖြစ်ပါတယ်။

ထို့နောက်တဆက်တည်းမှာပဲ “choose zip from sd card” ဆိုတာကိုရွေးချယ်ပေးပြီး
“delete_password.zip” ကို ရွေးချယ်ပေးရ ဦးမှာဖြစ်ပါတယ် ပြီးရင်တော့ Yes ကိုနှိပ်
ပေးလိုက်ပါ။

ထို့နောက်တော့ System ကို သူ့အလိုအလျောက်လုပ်ဆောင်သွားပြီး Rebootကျသွား
ပါလိမ့်မယ်။ System Reboot ကျသွားပြီးသွားပြီဆိုရင်တော့ ပြန်တက်လာတဲ့အခါမှာ
Pattern Lock ပြုတ်သွားပီး System Setting ထဲမှာ Defaultအတိုင်း Without Security ဖြစ်နေတာကို ပျော်ရွှင်စွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။

No comments: