Popularpost

Friday, February 07, 2014

Galaxy Tab3 10.1 Root


  Galaxy Tab3 10.1 P5220 ကို Root လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်..

သူလှမ်းမေးတုန်းကတော့ Vroot နဲ့ Root လိုက်ပါလို့ အလွယ်ပြောလိုက်တာ .. မရဘူးပြော
လို့ မယုံတာနဲ့ သူငယ်ချင်း တရုတ်တစ်ယောက်ရဲ့ ဆိုင်ကနေ ယူပြီးတော့ လုပ်ကြည့်ပါတယ်
သူပြောတဲ့ အတိုင်းပါပဲ ဆရာကြီး Vroot လည်း မရပါဘူး။

နည်းလမ်းတော်တော် များများ စမ်းပြီးပါပြီ လုံးဝမရပါဘူး။ နောက်ဆုံး အခုရေးပေးမယ့်နည်း
လမ်းနဲ့မှ လုံးဝအဆင်ပြေသွားပါတယ်.. 100% အဆင်ပြေပါတယ်။

ပထမဆုံး လိုအပ်တာလေးတွေကို တစ်ခါတည်း တင်ပေးထားပါတယ်.. အောက်ကလင့်မှာ
အရင်ဒေါင်းလိုက်ပါ


ဒေါင်းပြီးသွားပြီ ဆိုရင် ဖိုင်ဖြေပြီးတော့ root ဆိုတဲ့ ဇစ်ဖိုင်လေးကို မန်မိုရီကဒ်ထဲ ကူးထည့်
ထားပါ ပြီးနောက် Recovery ဆိုတဲ့ ဖိုင်ကိုဖြေပြီးတော့ အထဲမှ recovery ဖိုင်ကို Desktop
ပေါ်သို့ ဆွဲတင်ထားပါ ပြီးသွားပြီဆိုရင် Odin ကိုဖွင့်ပါ Odin က PDA ကိုနှိပ်ပြီးတော့ စော
စောက Desktop ပေါ်ဆွဲတင်ထားတဲ့ recovery.tar.md5 ဆိုတဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ။

အရေးကြီးတဲ့အချက်ကတော့ Odin မှာ F.Reset Time မှလွဲ၍ ကျန်တာအားလုံးကို အမှန်
ခြစ် ဖြုတ်ထားပေးပါ။ အရေးကြီး ဆုံးကတော့ Auto Reboot မှာလုံးဝ အမှန် မခြစ်ပါနဲ့ ။။
အမှန်ခြစ်မဖြုတ်မိပါက CWM ဝင်မည်မဟုတ်သဖြင့် အဆင်မပြေပါဘူး။ သတိရှိပါစေ

Tab3 ကိုပိတ်ပါ.. ပြီးရင် Power + Volume Down ကိုနှိပ်ပြီးတော့ Download mode ဝင်
လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ Odin မှ Device ကိုသိပြီ ဆိုရင် အဝါရောင် အ
ကွက်ပေါ်လာမှာဖြစ်ပါတယ်။ အဝါရောင် အကွက်ကလေး ပေါ်လာတာနဲ့ Start ကိုနှိပ်ပြီး
တော့ Flash လုပ်ပါ။ အစိမ်းရောင်လေးနဲ့ Pass လို့ ပြသွားပြီဆိုရင် Tab3 ကိုကွန်ပျူတာနဲ့
ချိတ်ဆက်ထားရာမှ ဖြုတ်လိုက်ပါ .tab ဟာ restart ကျသွားမှာ မဟုတ်ပါဘူး ဒီအတိုင်းပဲ
ရှိနေမှာပါ ..

USB ဖြုတ်ပြီးပြီ ဆိုရင် Tab ကို Power မပိတ်ပဲနဲ့ Power + Volume Up ကို နှိပ်ပြီးတော့
Recovery တန်းဝင် လိုက်ပါ CWM Recovery ထဲကို ရောက်သွားမှာဖြစ်ပါတယ် ရောက်
သွားပြီဆိုရင် install ကိုနှိပ်ပါ .. Sd card မှ စောစောက ထည့်ခဲ့တဲ့ Root zip ကို ရွေးပြီး
တော့ install လုပ်ပေး လိုက်ပါ ပြီးသွားရင် Reboot Syatem ကို နှိပ်ပြီးတော့ Reboot
လုပ်ပေးလိုက်ပါ.. ပြန်တက်လာပြီဆိုရင်တော့ ကြည့်လိုက်ပါ.. ကြက်ခြေခတ် ပုံစံ Super
User လေးနဲ့ လန်းနေပြီဖြစ်ပါတယ်။

No comments: