Popularpost

Thursday, August 07, 2014

USB Memory Stick ကို Format ချမရခဲ့ရင် USB ပြသနာမျိုးစုံဖြေရှင်းနည်းများ

format usb drive

တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ USB,Memory Card  လေးတေက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်လ်တွေ ထပ်ထည့်လို့ မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်...။


USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
 
 Start > Search box ထဲမှာ   devmgmt.msc  ရေးပြီး  Enter ခေါက်ပါ...

 Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ  အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။




 USB Device ကို Double Click (or) Right Click  ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ Policies ကိုနှိပ်ပြီး  "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (Better performance”) လို့ပေါ်ပါတယ်..။
 





အားလုံးပြီးရင် My Computer ကို ပြန်သွားပြီး USB Drive ပေါ်ကို Right click Format ချကြည့်ပါ။ Format ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို တွေ့ရပါလိမ့်မယ်။
 USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။
 
 
 

Format ချမရတဲ့ USB Stick တွေကိုပြင်ကြည့်ရအောင် (Reparing Memory Stick)

 

Repair a USB Flash Drive

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ 


No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။



ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။



Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ 

ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။


Credit To: http://aunglay17.multiply.com
Click Here to Download Bootice (100KB)
Click Here to Download TestDisk (1.44MB)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

USB Format ချမရရင် အောက်ကနည်းလမ်းအတိုင်းစမ်းကြည့်နိုင်ပါသေးတယ်

 
Scanning for Problems (Windows)
1. Insert the drive into the USB port on the    computer.
2. Open My Computer and right click on the      Removable Disk Icon. Choose the Properties     option.
3. Click on the Tools tab.
4. Click on the Check Now button.
5. Click on both “Automatically fix file system         errors”   and “Scan for and attempt recovery of       bad   sectors” check boxes. Click Start.
6. Wait for the scan to complete. Click Close when       finished.
Now Reformatting the Drive
1. Format with NTFS instead of FAT32.
2. After this, format again with FAT32.
 

သို့မဟုတ် ဒီ Tools လေးနဲ့ Format ချကြည့်နိုင်ပါတယ်...
Kingston USB drives are pre-formatted with a FAT32 file system for cross platform compatibility and for optimum performance. Formatting this drive with Windows, Mac or Linux may cause a performance decrease.
The solution to obtain the best possible performance is to format the drive with the Kingston utility located below.
Note: ALL DATA WILL BE ERASED. Please back up the data stored on the Hyper X drive before using the Kingston Format Utility.
Supported Operating Systems:
Windows 7 (SP1), Vista (SP1, SP2) and Windows XP (SP2, SP3)


Click Here to Download Kingston USB Drives
 

***********************************************

 

USB/Memory Card Protected ပြသနာရှင်းနည်း




 တကယ်လို့ Format ချချင်တယ်ဆိုရင် ဒါလေးနဲ့ Format ချပေးနိုင်ပါတယ်...။

အရင်ကလည်း ရေးထားတာ ရှိပါတယ် သိပ်မပြည့်စုံလို့ အသစ် ထပ်ရေးလိုက်တာပါ..။

ပထမဆုံး Start > Run မှာ Regedit ရေးထည့်ပြီး Enter ခေါက်ပါ....
ပေါ်လာတဲ့ Registry Editor မှာ အောက်က အတိုင်း ကိုအဆင့်ဆင့် သွားလိုက်ပါ...

HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies

StorageDevicePolicies ကို Click လိုက်ပါ... အောက်က ပုံထဲကလို WriteProtect ကိုတွေ့ရင် ...


Double click နှိပ်ပြီး တန်ဖိုးကို သုည (0) ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..။




Registry Editor ကို ပိတ် USB ကို ဖြုတ်ပြီး ပြန်တပ်ကြည့်လိုက်ပါ Write Protect Error မရှိတော့ပဲ ပြန်အသုံးပြုလို့ ရသွားပါပြီ....

ဒီအဆင့်
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies အတိုင်းသွားတဲ့ နေရာမှာ 

နောက်ဆုံး စာလုံးဖြစ်တဲ့  StorageDevicePolicies ကိုရှာမတွေ့ဘူး ပြီးတော့ ညာဘက်မှာလည်း  WriteProtect  ကိုလည်း ရှာမတွေ့ဘူးဆိုရင် သူ့အတွက် Folder လေးတခု တည်ဆောက်ပေးရမှာပါ ..
အောက်ပါအတိုင်း တည်ဆောက်ပေးနိုင်ပါတယ်.. (ပုံလေးတွေ ကြည့်ပြီး သေချာ ဂရုစိုက်လုပ်ပေးပါ)

ဒီပုံမှာဆိုရင်  StorageDevicePolicies ဆိုတဲ့ Folder မရှိသေးပါဘူး..


Control ပေါ်ကို Right Click နှိပ်ပြီး ပုံထဲကအတိုင်း New > Key ကိုသွားပါ...


စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ StorageDevicePolicies ကို Copy ကူးထည့်ပေးပြီး Enter ခေါက်လိုက်ပါ.. StorageDevicePolicies  Folder လေးကို အောက်ကပုံထဲကအတိုင်း ဖန်တီးပြီးသွားပါပြီ...



ညာဘက်မှာ WriteProtect  ဆိုတာလည်း မရှိသေးတဲ့ အတွက် ထပ်တည်ဆောက်ပေးရဦးမှာပါ..။



StorageDevicePolicies ကို  Right Click > New > DWORD (32-bit) Value ကိုနှိပ်လိုက်ပါ..



စာရေးဖို့ ပေါ်လာတဲ့ နေရာလေးမှာ ဒီ WriteProtect ကို Copy ကူးပြီး ရေးထည့်ပေးလိုက်ပါ...။။။။။။

Memory Card တွေမှာ မရခဲ့ရင် ဒါလေး သတိပြုပါ .. Lock ဖြစ်နေတတ်ပါတယ်....။

 


**************************************************************


 နောက်တနည်းအလွယ်ဆုံးဖြေရှင်းနည်း


 
 Write Protected ပြဿနာကို
အပေါ်က အဆင့်တွေအတိုင်း လုပ်ရမှာ ခတ်နေတယ်ဆိုရင်.... အောက်မှာ တင်ပေးလိုက်တဲ့ Registry files လေးကို ဒေါင်းယူပါ ပြီးတော့ Zip ဖိုင်လ် ကိုဖြည်လိုက်ပါ  disable-write-protect  နဲ့ enable-write-protect ဆိုတဲ့ ဖိုင်လ်လေးနှစ်ခု ထွက်လာမှာပါ enable-write-protect ဖိုင်လ်လေးကို Double Click နဲ့ Run ပြီး OK ပေးလိုက်ပါ... အလွယ်ဆုံးနည်းပါပဲ .... 

**********************************

Write Protect ဖြုတ်ဖို့နည်းလမ်းစုံသွားပြီလား

 


Facebook မှ အိုင်တီ မုဆိုး ရဲ့ ပို့စ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ... ဒီပြဿနာ ဖြေရှင်းတဲ့ နေရာမှာ တချို့ ကွန်ပြူတာတွေက Registry  Editor မှာ  Storage Device Policies နဲ့ Write Protect ပါမလာတတ်ပါဘူး .. အဲ့ဒီပြဿနာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်...။ 

ဒီရက်ပိုင်းအတွင်း အတွေ့ရအများဆုံးပြဿနာကတော့ USB/SD card/Flash Drive တွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာတွေပါပဲ ..

ဒီလိုပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း နည်းပညာဘလော့တွေမှာ မျှဝေဖော်ပြထားတာတွေ့ရပါတယ် ..

CMD ကနေ Dos command တွေရိုက်ထည့်ပြီး ဖြေရှင်းတဲ့နည်း

Registry Editor ကနေ Write Protected value ကို (0) ပြောင်းတဲ့နည်း (ကျွန်တော့်နည်းက ဒီနည်းနဲ့ တွဲပြီး ဖြေရှင်းရပါတယ်)

ဆော့ဝဲအသုံးပြုပြီး Written protect ON တဲ့နည်း

အဲဒီလိုနည်းလမ်းတွေအပြင် တခြားကျွန်တော် မလေ့လာဖြစ်သေးတဲ့ နည်းလမ်းတွေလည်း အစုံအလင်ရှိနေမှာပါပဲ ...

ဒါပေမယ့် တချို့ပြဿနာတွေကျတော့ ပိုင်ရှင်ရဲ့ မကျွမ်းကျင်မှုကြောင့်ပဲဖြစ်ဖြစ်၊ မမြင်တွေ့နိုင်တဲ့ Error တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့အခါမျိုးတွေ ကြုံရတတ်ပါတယ်


ကျွန်တော်လည်း အဲဒီလိုဖြစ်နေတဲ့ Storage Device တော်တော်များများကို ကြုံတွေ့ခဲ့ဖူးပါတယ် ..

အဲဒီလို လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေမယ့် Write Protect ဖြုတ်လို့မရတဲ့ Storage Device တွေကြုံလာရင် ကျွန်တော်ဘယ်လို ဖြေရှင်းတယ်ဆိုတာလေးကို မျှဝေပေးချင်ပါတယ်ဗျာ

ကဲ .. ပထဆုံး အဲဒီလိုပြဿနာဖြစ်နေတဲ့ Storage Device လေးကို ကွန်ပြူတာမှာ တပ်ဆင်လိုက်ပါ

ပြီးရင် Run မှာ regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. Prompt တက်လာရင် Yes ကိုပေးပါ

Registry Editor ပွင့်လာတဲ့အခါ .. HKEY-LOCAL-MACHINE ကိုနှိပ်ပါ

ကျလာတဲ့ထဲက SYSTEM ကိုနှိပ်ပါ ကျလာတဲ့ထဲက Current Control Set ကိုနှိပ်ပါ ..

ကျလာတဲ့ထဲက Control ကိုနှိပ်ပါ .. ကျလာတဲ့ထဲက Storage Device Policies ကိုနှိပ်ပါ ..

အဲဒီအခါ ညာဖက်မှာပေါ်လာတဲ့ WriteProtect ကို Double ကလစ်နှိပ်လိုက်ရင် တက်လာတဲ့ Box လေးထဲက အပြာရောင်နဲ့ချယ်ထားတဲ့ 1 ဆိုတာလေးကို လို့ ပြောင်းရိုက်ပေးပြီး OK နှိပ်လိုက်ပါ (တစ်ခါတစ်ခါတော့( 0 ) ဖြစ်နေပြီးသားမျိုး ကြုံရတတ်ပါတယ်) ...

တော်တော်များများကတော့ ဒီအဆင့်မှာပြီးသွားရင်ပဲ .. ကိုယ့်ရဲ့ Write protect ဖြစ်နေတဲ့ Drive ပေါ်မှာ Right ကလစ်နှိပ် .. ပေါ်လာတဲ့ထဲက Format လေးကိုနှိပ်ပြီး OK .. OK နဲ့သွားလိုက်ရုံနဲ့တင် အဆင်ပြေသွားတာ များပါတယ် .. တစ်ကယ်လို့ ဒီအဆင့်မှာတင် အဆင်မပြေသေးဘူးဆိုရင် အောက်က အဆင့်တွေကို ဆက်လုပ်ပေးလိုက်ပါ

Desktop ပေါ်က My Computer ဆိုတဲ့ icon လေးပေါ်မှာ Right ကလစ်နှိပ်လိုက်ပါ

ပေါ်လာတဲ့ Drop down table ထဲက manage ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. Admin Prompt တက်လာရင် Yes (ဒါမှမဟုတ်) OK ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံအတိုင်း Computer Management Box လေးပွင့်လာပါမယ် ..


အဲဒီထဲက Disk Management ကိုနှိပ်ပေးလိုက်ရင် ခဏလောက် Loading လုပ်ပြီးတဲ့အခါ အောက်မှာပြထားတဲ့အတိုင်း တက်လာပါမယ်




အဲဒီထဲက ကိုယ် manage လုပ်မယ့် Device ပေါ်မှာ Right ကလစ်နှိပ်ပြီး ပေါ်လာတဲ့ထဲက Change Drive letter and paths ဆိုတာလေးကို ရွေးပေးလိုက်ပါ .. ကျွန်တော်ကတော့ J ဆိုတဲ့ ကျွန်တော့်ရဲ့ USB ကို ပြင်မှာမို့ J ပေါ်မှာ Right ကလစ်နှိပ်ပြီး Change Drive letter and paths ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း တက်လာပါမယ်




 ပေါ်လာတဲ့ Box ထဲက (1) Change ဆိုတာလေးကို နှိပ်ပေးလိုက်ရင် နောက်ထပ်ပုံလေး တက်လာပါမယ် ..

အဲဒီထဲကမှ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့နေရာ (2) ကို နှိပ်လိုက်ရင် Drop down Box လေးကျလာပါမယ် .. အဲဒီထဲက ကိုယ်ပြောင်းချင်တဲ့ Drive letter လေးကို ရွေးနှိပ်ပေးလိုက်ပါ .. ကျွန်တော်ကတော့  J  ကနေ  I  အဖြစ်ပြောင်းမှာမို့  I  ကို ရွေးလိုက်ပါတယ် .. ပြီးရင်တော့ (3)  OK ကိုနှိပ်လိုက်ပါ ....


အပေါ်ကအဆင့်တွေအားလုံး ပြီးသွားပြီဆိုရင်တော့ နည်းပေါင်းစုံနဲ့ တင်းခံလာခဲ့တဲ့ Storage Device ကို Format ချလို့ ရသွားပြီ ဖြစ်ပါတယ် .. အဆင်ပြေကြပါစေဗျာ



No comments: