Popularpost

Showing posts with label Email နှင့် G-talk အကြောင်း. Show all posts
Showing posts with label Email နှင့် G-talk အကြောင်း. Show all posts

Wednesday, December 07, 2011

GTalk မှာ Webcam နဲ.စကားပြောဖို့

Googleကတော့ထပ်လုပ်ချပြန်ပြီ။Gmail မှာVideo ရတုန်းကတော့သုံးရတာအဆင်မပြေဘူး။
လုပ်ရတာရှုပ်တယ်။အခုရေလည်မိုက်တယ်။Gmail မှာသုံးရတာအဆင်မပြေတဲ့လူအတွက်
Gtalk ကနေသုံးလို.ရနေပါပြီ။ဒါပေမယ့်မိမိသုံးနေကျ Gtalk Software နဲ.သုံးလို.မရပါဘူး။
Video GTalk Software ကိုပေးထာတဲ့ Website မှာ Download ဆွဲရပါလိမ့်မယ်။
Website ရဲ. Link ကိုတော့အောင်မှာပေးထာပါတယ်။အသံလဲကြည်တယ်။
ရုပ်လဲပြတ်သားတယ်(ဟဲ...ဟဲ Connection ကောင်းရင်ပြောတာနော်)။
Vzo Chat ကိုသုံးနေတဲ့လူတွေအတွက်သတင်းကောင်းပါ။

Link : ဒီနေရာမှကလစ်နှိပ်ပြီး Download လုပ်ပါ။

Saturday, November 19, 2011

Email ဖြင့် ဖိုင်ဆိုဒ်ကြီးကြီးမားမား ပို့ချင်သူများအတွက်

Email နဲ့ Attach ဖိုင်တွေ ပို့တဲ့အခါမှာ 25 MB အထိ ပို့လို့ရတယ်ဆိုပေမယ့် 12 MB ကျော်သွားရင် မကောင်းတော့ပါဘူး။ လက်ခံတဲ့ဘက်မှာ အကောင့် Lock ကျသွားတာမျိုး၊ Connection ကျသွားတာမျိုး ကြုံရတတ်ပါတယ်။ အခု နည်းလမ်းကတော့ အဲဒီပြဿနာတွေ အဆင်ပြေစေတယ်လို့ သိရပါတယ်။ အောက်မှာ ပေးထားတဲ့ လင့်ခ်တွေကတဆင့် ပို့ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ http://www/yousendit.com ကိုပဲ သုံးဖြစ်ပါတယ်။ ဖိုင်ဆိုက် 100 MB အထိ ပို့လို့ရပါတယ်။

လက်ရှိမှာ လူတော်တော်များများ သုံး ကြ တဲ့ DivShare or YouSendIt လို နောက်ထပ် ဆိုဒ်တွေ အများကြီးရှိပါတယ် ။ အဆင်ပြေမပြေ လက်တွေ့စမ်းသုံးကြည့်ပါ။ အဆင်ပြေသွားတော့လဲ ပျော်ရတာပေါ့ဗျာ။

http://www.yousendit.com/ (can send Max file Size 100 MB)

http://www.sendthisfile.com/ (need register)

http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )

http://www.4shared.com/ (need register)

http://www.send6.com/

http://www.sendspace.com/ (Max file size 300 MB)

http://www.pando.com/ (Max file size 1GB)

http://drop.io/ (Max file size 100 MB)


ဖိုင်တွဲကြီးကြီးများပို့ရန်

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို လုံခြုံတဲ့တနေရာ (ဥပမာ ကိုဒဲရစ်ဆီမှာ :P ) မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
Code : ဒီမှာနှိပ်ပါ