Popularpost

Tuesday, October 02, 2012

Folder လေးတွေပေါ်မှာ မြန်မာလိုရေးလို့ရအောင် လုပ်တဲ့ နည်းလေး

ကျွန်တော် ဒီတခါတော့ Folder လေးတွေပေါ်မှာ မြန်မာလိုရေးလို့ရအောင် လုပ်တဲ့ နည်းလေးကို ပြောပြပ့ါမယ်။ မသိသေးသောသူများအတွက်ပါ။ သိတဲ့သူအတွက်က တော့ ပါးမွှားလေးပေါ့ဗျာ။ ဘယ်အရာမဆို သိတဲ့သူအတွက် လွယ်ပေ့မယ့် မသိတဲ့သူအတွက်ကတော့ အရမ်းကိုခက်ခဲပါတယ်။ ကျွန်တော် windows 7 အတွက်ရော၊ windows xp အတွက်ပါရေးပေးထားပါတယ်။

ကဲစလိုက်ရအောင်ဗျာ။



Windows 7 အတွက်



အဆင့်(၁) အရင်ဆုံး Destop ပေါ်မှာ right click ထောက်ပြီးတော့ Personalize ကိုသွားပါ။


အဆင့်(၂) ပြီးရင် Window Color ကိုကလစ်ပေးပါ။




အဆင့်(၃)ပြီးရင် Advanced apperance settings ကို ကလစ်ပေးပါ။



အဆင့်(၄)အဲဒီမှာ Desktop ဆိုတဲ့ ဘေးနားလေးကို ကလစ်ပေးပြီးတော့ Icon ဆိုတာကို ရွေးပါ။


အဆင့်(၅)အဲဒီပြီးရင် အောက်အကွက်လေးကိုဆက်ဆင်းပါ။ အဲဒီအကွက်လေး ဘေးနားကို ကလစ်ပေးပြီးတော့ Zaw gyi -One ဆိုတာကိုရွေးပါ။


အဆင့်(၆) ပြီးရင် ok ပေးပါ။ ok ပေးပြီးသွားရင်ခဏစောင့်ပါ။ ပြီးပါပြီ ။ ကဲ Desktop ပေါ်က Folder လေးကို ဒီလိုလေး မြန်မာလိုပေါ်အောင်ရေးလို့ ရပါပြီ။








Windows xp အတွက်



အဆင့်(၁) Desktop ပေါ်ကို right click ထောက်ပြီး Properties ကိုရွေးပါ။


အဆင့်(၂)ပေါ်လာမယ့် box မှာ Appearance ကိုရွေးပါ။ Apperance မှာပဲ အောက်နားလေးက Advanced ကို ကလစ်ပေးပါ။


အဆင့်(၃)Advanced appearance box မှာ Desktop ရဲ့ဘေးနားကိုကလစ်ပေးပြီး Icon ဆိုတာကို ရွေးပါ။


အဆင့်(၄)အဲဒီရဲ့အောက်နားက အကွက်သေးသေးရဲ့ ဘေးနားကို ကလစ်ပေးပြီးတော့ Zawgy-one ဆိုတာကိုရွေးပါ။



အဆင့်(၅) ပြီးရင် ok ပေးပါ။ ပြီးရင် ခဏစောင့်ပါ။ ပြီးပါပြီ။ Folder လေးတွေပေါ်မှာ မြန်မာလိုရေးလို့ရပါပြီ။

No comments: