Popularpost

Tuesday, October 02, 2012

USB နဲ့ ၀င်ဒိုးတင်နည်း



ဒီတခါတော့ usb နဲ့ ၀င်ဒိုးတင်နည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ usb နဲ့ ၀င်ဒိုးတင်တော့မယ်ဆိုရင် အရင်ဆုံး လိုအပ်တာက အနည်းဆုံး usb ဆိုဒ်က 8 G မှအဆင်ပြေပါ့မယ်။ တကယ်လိုအပ်တာ 4 G လို့ပြောပါတယ် ။ အဆင်မပြေပါဘူး။ ကဲ usb ရပြီဆိုရင် ကွန်ပျူတာ မှာတပ်လိုက်ပါ။



အဆင့်(၁)



run box ကနေ cmd လို့ရိုက်ပါ။ ပြီးရင် diskpart လို့ရိုက်ပါ။






အဆင့်(၂)



အဲဒါပြီးရင် နောက် window တစ်ခု ပေါ်လာပါ့မယ်။ အဲဒီမှာ list disk လို့ရိုက်ပါ။






အဆင့်(၃)



အဲဒီမှာ Disk 1 ဆိုတာတွေ့တယ်ဟုတ်။ အဲဒါက usb drive ပါ။ G များရင်များသလို ပေါ်နေပါလိမ့်မယ်။

အဲလိုတွေ့ပြီဆိုရင် select disk 1 လို့ရိုက်ပါ။ ပြီးရင် clean လို့ဆက်ရိုက်ပါ။






အဆင့်(၄)



နောက် create partition primary လို့ရိုက်ပါ။ ပြီး select partition 1လို့ရိုက်ထည့်ပါ။






အဆင့်(၅)



ပြီးရင် active လို့ရိုက်ပါ။ နောက်ထပ် format fs=fat32 လို့ရိုက်ပါ။ အဲဒါ usb ကို format ချနေခြင်းဖြစ်ပါတယ် ။ 100 percent ထိပြီးအောင်စောင့်ပါ။






အဆင့်(၆)



100 pecent ပြည့်ပြီဆိုရင် assign လို့ထပ်ရိုက်ပါ။ အဲလိုရိုက်ပြီးတာနဲ့ usb ကိုအသုံးပြုလို့ရပါပြီ။ပြီးရင် exit လို့ရိုက်ပြီးထွက်ပါ။






ကွန်ပျူတာကို auto run ပေးထားမယ်ဆိုရင် ဘေးနားကလိုပေါ်လာပါ့မယ်။



အဆင့်(၇)



အပေါ်ကအတိုင်း အဆင့်ဆင့်လုပ်ပြီးပြီဆိုရင် window 7 ခွေထဲက data တွေကို usb ထဲကို ကော်ပီကူးထည့်ပါ။ ဒါဆိုရင် usb နဲ့ ၀င်ဒိုးတင်လို့ရပါပြီ။



windows 7 iso ဖိုင်လေး တင်ပေးပါ့မယ်။

No comments: