Popularpost

Saturday, January 26, 2013

ဟတ်ကာရန်ကကာကွယ်ဖို့ The Microsoft Windows Malicious Software Removal Tool helps to remove malicious software from your computers that are running Windows 8, Windows Server 2012, Windows 7, Windows Vista, Windows Server 2003, Windows Server 2008, or Windows XP. Microsoft releases a new version of the Microsoft Malicious Software Removal Tool every month. After you download the tool, the tool runs one time to check your computer for infection by specific prevalent malicious software (including Blaster, Sasser, and Mydoom) and helps remove any infection it finds. ဒီဆော့ဝဲလ်လေးက ဘာအတွက် အသုံးဝင်လည်းဆိုတော့ အပေါ်မှာ Microsoft ဝဘ်ဆိုဒ်မှာ ရေးပြထားတဲ့အတိုင်းပါပဲ..။ ကျနော်တို့ရဲ့ စက်ထဲကို ဆော့ဝဲလ်တွေနဲ့ အတူပါလာတတ်တဲ့ ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေကို Microsoft ထုတ်ပေးထားတဲ့ ဒီ Tool လေးနဲ့ရှင်းထုတ်ပစ်လို့ ရပါတယ်.. ဒီကောင်လေးက Install ဆွဲထည့်ဖို့ မလိုတဲ့ ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့ ကောင်လေးပါ.. ထွေထွေထူးထူး လုပ်ပေးဖို့မလိုပါဘူး.. အောက်မှာလည်း ကျနော်သုံးထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ မိမိတို့ ဝင်ဒိုးနဲ့ အဆင်ပြေစေမယ့် 32-bit (or) 64-bit Version ကို ရွေးပြီး အသုံကြပါ..။ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်ဗျာ.. Download For 32-bit (17.17 MB) Rapidshare Download For 64-bit (17.87 MB) Rapidshare

20 Nov 12, 10:28 PM 
phyo: update Norton antivirus လေးတင်ပေးပါအုံး ဆရာလွင်ရေ
Norton Product တွေက များသောအားဖြင့် ရက်၃၀၊ ရက်၉၀ပဲပးလေ့ရှိပါတယ်.. အခုတော့ ဒီကောင်လေးကို 180 days Free ပေးသုံးတာလေး ရလာလို့ စမ်းကြည့်ရင် အဆင်ပြေတာနဲ့ ပြန်တင်ပေးလိုက်ပါတယ်.. ရက်၃၀ထက်စာရင်တော့ ရက်ပေါင်း၁၈၀ဆိုတော့ နှစ်ဝက်အသုံးပြုလို့ရတဲ့အတွက် အတော်လေးအဆင်ပြေမယ်ထင်ပါတယ်..။ ဒီမှာတင်ပေးထားတာက ဒီကောင်လေးကို ဒေါင်းယူလို့ရမယ့် သူ့ရဲ့ Norton Downloader လေးပါ.. ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးပြီးရင် Norton 2012 ဆော့ဝဲလ်ကို ဒေါင်းပေးပါလိမ့်မယ်.. ဒေါင်းပြီးသွားရင်တော့ တခါတည်း Install ထည့်ပေးလိုက်ပါ.. install ပြီးသွားတာနဲ့ Norton မူရင်းဆိုဒ်မှာ အကောင့်တခု သွားဖွင့်ပေးရပါမယ်.. Free Account ပါ.. အဲ့ဒီအကောင့်ကို Norton Account မဖွင့်ရသေးတဲ့သူများကတော့ မိမိတို့အဆင်ပြေမယ့် Email နဲ့ ဖွင့်ပါ.. Norton Account ရှိခဲ့ဖူးတဲ့သူများကတော့ တခြား Email ပြောင်းသုံးပါ.. အရင်အသုံးပြုခဲ့တဲ့ Email နဲ့ ဒီအကောင့်ကို ဖွင့်လို့ လက်မခံပါဘူး.. ဒါကြောင့် တခြား Email ဖြစ်ဖြစ်၊ Email အကောင့်အသစ်တခု ထပ်ဖွင့်ပြီးမှ ဒီ Norton Account ကို အသစ်ပြန်ဖွင့်ပါ.. ဒါမှ ဒီကောင်လေးကို ရက်ပေါင်း ၁၈၀ အပြည့်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. မသိသေးတဲ့သူများကတော့  အောက်မှာ ကျနော် အသုံးပြုထားတဲ့အတိုင်း တဆင့်ချင်းစီ လိုက်လုပ်ပြီး ဒီိ Norton Antivirus ကို ရက်ပေါင်း ၁၈၀ အပြည့်အဝအသုံးပြုလို့ ရမှာဖြစ်ပါတယ်.. ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်မှာ သူ့ရဲ့ဒေါင်းလော့ဒါလေးနဲ့ ဒေါင်းယူလိုက်ပါဗျာ.. Norton Antivirus ရဲ့ဖိုင်ဆိုဒ်ကတော့ 106 MB ရှိပါတယ်.. သူ့ရဲ့ဒေါင်းလော့ဒါလေးကတော့ 422 kb ရှိပါတယ်..

Sharebeast
အပေါ်က ဒေါင်းလော့လင့် ပျက်သွားပြီဖြစ်လို့ အောက်မှာ ပြန်တင်ပေးထားပါတယ်..။ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်း ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.3 MB ရှိပါတယ်..။ ပါတ်စ်ဝါဒ့် - http://lwinminbo.blogspot.com/



Norton Downloader ကို Install ထည့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း Norton Antivirus ဆော့ဝဲလ်ကို ဒေါင်းပေးပါလိမ့်မယ်..



ဆော့ဝဲလ်ကိုဒေါင်းလို့ ပြီးသွားတဲ့အခါ အောက်ကပုံလိုမျိုးပေါ်လာရင် OK ပေးလိုက်ပါ..




အပေါ်ပုံမှာ ပြထားတဲ့အတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း Explorer ကိုကလစ်ပေးလိုက်ရင် အောက်ကပုံအတိုင်း 180 Days Remaining စာသားနဲ့ ပေါ်လာပါလိမ့်မယ်.. ဒါပေမယ့် Active မဖြစ်သေးပါဘူး.. Account ဖွင့်ပြီး Active လုပ်ပေးရပါမယ်.. အောက်ကပုံတွေအတိုင်း ဆက်ကြည့်လိုက်ပါ..


ဘာမှမနှိပ်ပဲနဲ့ကို အောက်ကပုံအတိုင်း တန်းပြီးပေါ်လာမှာ ဖြစ်ပါတယ်.. 



အပေါ်ပုံအတိုင်း Email (Gmail) လိပ်စာရေးထည့်ပြီး Next ကိုနှိပ်ပါ.. အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် အဆင့်ဆင့်ဖြည့်သွားလိုက်ပါ.. 2 နဲ့ 3 နေရာက Email လိပ်စာနဲ့ Password ကို သေချာမှတ်ထားဖို့ လိုပါတယ်.. သူ့ရဲ့မူရင်းဆိုဒ်မှာ သွားပြီး Active လုပ်တဲ့အခါ အဲ့ဒီအတိုင်း ဝင်ရမှာ ဖြစ်ပါတယ်..။


Registration Complete ဆိုရင်တော့ Finished ပေးလိုက်လို့ ရပါပြီ.. ဒါပေမယ့် မိမိတို့ရဲ့ Email ကနေ ဝင်ပြီး Norton Account ကို Active လုပ်ပေးဖို့ကျန်ပါသေးတယ်.. အောက်ကပုံတွေမှာ ဆက်ကြည့်ပါအုန်း



မိမိတို့ရဲ့ Email (Gmail) ကိုဝင်ကြည့်လိုက်ရင် ဒီဆော့ဝဲလ် ကုမ္ပဏီက စာပို့ထားတာ တွေ့ရပါလိမ့်မယ်.. ဖွင့်ကြည့်လိုက်ပါ.. အဲ့ထဲမှာအောက်ကပုံအတိုင်း ပေါ်နေရင် Confirm now ကို ကလစ်ပြီး Norton Account ကို Sign in ဝင် Active လုပ်ပေးလိုက်ပါ..။



အပေါ်ပိုင်း ပုံတွေမှာ ဒီအကောင့်ကို ဖြည့်ထားခဲ့တဲ့ Email (Gmail) လိပ်စာနဲ့ Password အတိုင်း Norton Account ကိုဝင်လိုက်ပါ..


အကောင့်ကို ဝင်ပြီးရင်အောက်ကပုံအတိုင်း မြင်ရတဲ့အခါ မိမိတို့ သဘောအတိုင်းပါ.. ဒေါင်းချင်လည်းဒေါင်း၊ မဒေါင်းချင်ရင်လည်း Sign Out နဲ့ ပြန်ထွက်လိုက်လို့ ရပါပြီ.. အောက်ကပုံမှာတော့ ကျနော်က သူ့ရဲ့ ဒေါင်းလော့ဒါလေး တခုကို ထပ်ဒေါင်းယူလိုက်ပါတယ်..



မိမိတို့စက်ထဲက Norton Antivirus ကို အောက်ကပုံအတိုင်း LiveUpdate ကိုနှိပ်ပြီး Update လုပ်ပေးလိုက်ပါ..။



Update ပြည့်သွားရင်တော့ Scan Now နဲ့ ဗိုင်းရပ်စ်စစ်လို့ ရသွားပါပြီ.. အောက်ကပုံအတိုင်း Full Scan နဲ့ လုပ်ပေးလိုက်ပါ..




အောက်ဆုံးပုံအတိုင်း ဗိုင်ရပ်စ်စစ်နေပါပြီ.. ဒါဆိုရင်တော့ ဒီကောင်လေးကို ရက်ပေါင်း ၁၈၀ အပြည့်သုံးလို့ ရသွားပါပြီ.. နောက်ရက်တွေမှာလည်း Update အရင်လုပ်ပေးပြီးမှ Scan Now >> Full Scan နဲ့ ဗိုင်းရပ်စ်စစ်ပါ.. နေ့တိုင်း စစ်ပေးရင် ပိုကောင်းပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..

No comments: