Popularpost

Friday, February 07, 2014

tablet Firmware တင်နည်း


JXD Tablet S11 Logo မှာ ရပ်နေပြီး ဘာမှ တက်မလာတာနဲ့ Firmware ပြန်တင်ဖို့ တရုတ်ဆိုဒ်တွေမှာ လည်ရှာထားတာပါ။

ဒီလို အလားတူပြသနာတက်ပြီး ဘာလုပ်ရမှန်း မသိတဲ့သူငယ်ချင်းတွေ။

တရုတ်ဆိုဒ်တွေကြားမှာ ခေါင်းမမူးတော့အောင် JXD tablet Firmware တင်နည်းကို တင်ပြလိုက်ပါတယ်။

JXD အတွက် သက်ဆိုင်ရာ Firmware တွေကို ဒေါင်းပါ။ တော်တော်များများကတော့ ဒီနေရာမှာ ရှိတတ်ပါတယ်။

(တရုတ်လို မဖတ်တတ်ရင် Google Translate ကိုသုံးပါ။ Google Chrome သုံးရင်တော့ တိုက်ရိုက်ပြောင်းပေးပါလိမ့်မယ်။)

JXD Tablet Firmware ပြန်တင်ဖို့ အတွက် Live Suit ကို ရယူပါ။

LiveSuit ကို Download ရယူရန် ဒီနေရာကိုနှိပ်ပါ။

အခုပြန်တင်ထားတာက JXD tablet S11 ပါ။ အဲဒီအတွက် firmware ကတော့ ရှာထားပြီးသားမို့လို့ တင်ပေးထားပါတယ်။

JXD tablet S11 + LiveSuit ကို ဒေါင်းလုပ်ရန်

Firmware တင်ပုံတင်နည်းကတော့

(၁) Zip ဖိုင်ကိုဖြည်လိုက်ပါ။
(၂) ဖိုင်ဖြည်ပြီးသွားရင် LiveSuitPack_version_1.09_20120301.exe ကိုနှိပ်လိုက်ပါ။
(၃) Language မေးရင် English ကိုရွေးပါ။
(၄) Driver Install လုပ်မလားမေးရင် Install Anyway ကိုရွေးပေးပါ။
(၅) ပြီးရင် LiveSuit.exe ကို ဖွင့်ပါ။
(၆) box အလွတ် တစ်ခုကျလာရင် အမှားနှိပ်ပြီးသာပိတ်ပါ။
     တကယ်ကတော့ အဲဒီနေရာမှာ တရုတ်စာတွေနဲ့ ပေါ်တယ်။



(၇) ဒေါင်းလုပ်လုပ်ထားတဲ့ .img နဲ့ဆုံးတဲ့ image ဖိုင်ကိုရွေးပေးပါ။ (တစ်နည်းအားဖြင့် firmware ဖိုင်)


(၈) ပြီးရင် မိမိရဲ့ JXD Device ကို ပါဝါပိတ်ပါ။ ပြီးရင် Menu Key ကို ဖိပြီး ကြိုးတပ် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ တစ်ပြိုင်တည်းမှာပဲ Power Button ကို 6 ချက်နှိပ်ပေးပါ။

3 ချက်လောက်မှာ Driver Install ဆိုပြီး ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေထောင့်မှာ တက်လာပါလိမ့်မယ်။ ပြီးရင် သူ့ဖာသာသူပဲ LiveSuit မှာ ရာခိုင်နှုန်းလေးတက်ပြီး တင်နေတာကို တွေ့ရမှာပါ။

အားလုံးပြီးသွားရင်တော့ စက်ကျသွားပြီး ပြန်တက်လာရင်တော့ မိမိရဲ့ JXD Device လေးမှာ တရုတ်ကနေ အင်္ဂလိပ်စာ ပြောင်းပြီး သုံးလို့ရပါပြီ။ စက်ပြန်တက်တဲ့အချိန်က 10 မိနစ်ကြာနိုင်ပါတယ်။

No comments: