Popularpost

Tuesday, October 02, 2012

ပျက်သွားတဲ့ ဖိုင်တွေကိုပြန်ပြီးယူတဲ့ ဆော့ဝဲလေး

ဒီတခါတော့ ကျွန်တော် တို့ မိမိကွန်ပျူတာမှာ Format ချလိုက်တာဖြစ်ဖြစ် ၊ Delete လုပ်မိလိုက်လို့ပဲ ဖြစ်ဖြစ် ပျက်သွားတဲ့ ဖိုင်တွေကိုပြန်ပြီးယူတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းလို့တင်ပေးလိုက်တာပါ။ သူ့အတွက် Crack ဖိုင်လေးပါ ပါတယ်။ အရင်ဆုံးဆော့ဝဲလေးကို ဒေါင်းလော့ချပါ။ ဖိုင်ဖြေပြီးတဲ့အခါမှာ icaredrp ဆိုတဲ့ကောင်လေးကို run လိုက်ပါ။ ပြီးရင် icaredrp အဲဒီကောင်လေးရဲ့ အောက်က Register ဆိုတဲ့ ဖိုင်လေးကို run ပါ။ အဲဒီကောင်လေးက crack ဖိုင်လေးပေါ့။ ဒါဆိုရင်သုံးလို့ရပါပြီ။ မသုံးတတ်တဲ့သူများအတွက် ပုံလေးနဲ့ ပြထားပါတယ်။
ဆော့ဝဲလေးကိုတော့ ဒီမှာ ဒေါင်းပါ။

အဆင့်(၁)



ဒီလိုပုံစံလေးပေါ်လာပြီဆိုရင် ဒုတိယမြောက် e ပုံစံ(အနီပြထားသော ) လေးကို ကလစ်ပေးပါ။

အဆင့်(၂)
ပြီးရင်ဒီအဆင့်ကိုရောက်လာပါလိမ့်မယ်။ ဒီအဆင့်မှာ မိမိ ပြန်ပြီး recovery ယူလိုသော partition ကို ရွေးပါ။ ကဲ ရွေးပြီးပြီဆိုရင် အောက်နားလေးက Recover ဆိုတဲ့ မြှားလေးကို နှိပ်လိုက်ပါ။ ပြီးရင် စောင့်ပါ။ ရှိသမျှဖိုင်တွေပြန်ယူမှဖြစ်တဲ့အတွက် ရှိတဲ့ဖိုင်အရေအတွက်ပေါ် မူတည်ပြီး အချိန်စောင့်ရပါ့မယ်။

အဆင့်(၃)
ပြီးသွားပြီဆိုရင် ဒီလိုလေးပေါ်လာပါ့မယ်။ အဲဒီမှာ အမှန်မခြစ်ရသေးရင် အမှန်ခြစ်လိုက်ပါ။ ပြီးရင် အောက်နားလေးက Show Files ဆိုတာကို ကလစ်ပေးပါ။

အဆင့်(၄)

ဒီလိုလေးပေါ်လာပါ့မယ်။ အဲဒီအချိန်မှာ 1NTFS ဆိုတဲ့ ကောင်လေးရဲ့ ဘေးနားလေးမှာအမှန်ခြစ်ပါ။ အမှန်ခြစ်ပြီးရင် Save Files ဆိုတာလေးကို ကလစ်ပေးပါ။


အဆင့်(၅)


ဒီလိုပုံလေးပေါ်လာပါ့မယ့်။ ok ကို ကလစ်ပေးပါ။

အဆင့်(၆)
ဒီလိုလေးပေါ်လာတာက ဘယ်မှာ Save လုပ်မှာလည်းလို့မေးခြင်းဖြစ်ပါတယ်။ ဥပမာ မိမိပြန်ယူမယ့် ဖိုင်က 50G လောက်ရှိနေမယ်ဆိုရင်တော့ အဲဒီ ပမာဏနဲ့ လောက်မယ့် အပိုင်းကို ရွေးချယ်ပြီး save လုပ်ပါ။ ဖိုင် save မယ့်နေရာကိုရွေးပြီးပြီဆိုရင် ok ကိုကလစ်ပေးပါ။

အဆင့်(၇)
အားလုံးပြီးသွားပြီဆိုရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။ပြီးပါပြီ။ အဲဒီထဲမှာ မိမိလိုချင်သော ဖိုင်တွေကို ပြန်ယူပါ။ မလိုသောဖိုင်များကို ဖျတ်ပစ်ပါ။

No comments: