recovery software လေး တစ်ခု တင်ပေးလိုက်ပါတယ် ။ လွန်ခဲ့တဲ့သုံးရက်လောက်က
ကျွန်တော့် Hard disk format ကျသွားတယ်ဗျာ။ မြွေကိုက်တာ တကယ်ပဲ။ recovery software
တွေ လိုက်ဒေါင်းပြီးသုံးတာ တစ်ခုမှအဆင်မပြေဘူး။ အရင်ဆော့ဝဲလ်တွေက တစ်ခုချင်းစီ
အားသာတာ များတယ် အကုန်လုံးမရဘူးဖြစ်နေတယ်။ စိတ်လည်းတော်တော်ညစ်သွားတယ်။
သုံးရက်လုံးမအိပ်ပဲ ရှာထားတာ။ Google ကြီးကို ကျေးဇူးအရမ်းတင်တယ်။ ဘယ်လောက်ထိ
ပြန်ရလဲဆိုရင် ကျွန်တော် rename ပေးခဲ့အတိုင်းဖိုင်တွေပြန်ရတယ်။ ဘယ်လိုပြောမလဲ က
ကြီးကနေ အ ထိ ကို ပြန်ရတာ။ ဒီလောက်ဆို သဘောပေါက်လောက်ပြီနော်။ ကိုယ်တွေ့ပါ။
တကယ့်ကို အဖိုးတန်တဲ့ software လေးပါ။ တခြားဆော့ဝဲတွေက မကောင်းဘူးမဟုတ်ဘူး
ကောင်းတာတွေရှိပါတယ်။ အကုန်လုံးကို ရောထွေးပြီး ပြန်ရတာပါ။ ဒါလေးက
မိမိဆောက်ထားခဲ့တဲ့ Folder လေးတွေအတိုင်း ပြန်ရတာ။ ကဲ နမူနာပုံလေးပြမယ်နော်။
အဲဒီအတိုင်းလေးကို ပြန်ရတာ။ မှတ်ချက်>> usb drive မှာ အလုပ်မလုပ်ပါ။
ကျွန်တော်စမ်းပြီးပါပြီ။

ကဲသိကြပြီဆိုရင် လက်မနှေးပဲ
ဒေါင်းလော့ချထားလိုက်တော့နော်။ ပြီးတော့ တစ်ခုပြောချင်တယ်ဗျာ။ အရင်ကတော့ ပြန်ပြီး
မျှဝေပေးပါလို့ မပြောဖူးခဲ့ပါဘူး ။ ဒီတစ်ခုလေးကိုတော့ ကိုယ်နဲ့ သိတဲ့
သူငယ်ချင်းတွေကို မျှဝေပေးစေချင်ပါတယ်။ ဘာကီးမှ မလိုဘူးနော်။ အော်မေ့လို့ ၊
ဒီဆော့ဝဲလ်လေးကို ဖိုင်ဖြေပြီးပြီဆိုရင် left click နှစ်ချက်နှိပ်ပြီး မရမ်းပါနဲ့။
FileRecovery program လေးပေါ်ကို right click ထောက်ပြီး
Run as Administrator ကို click ပေးပြီး run ပါ။ မသုံးတက်ဘူး အဆင်မပြေပါက C
box မှာ ပြောခဲ့ပါ။
ကဲစကားတွေ ရှည်နေတယ်နော်....ဆောရီး......
ဖိုင်ဆိုဒ်က 50 MB ရှိပါတယ်။
No comments:
Post a Comment